Saturday, 6 May 2017
မချစ်နိုင်တော့တဲ့ နွေ
သက်ရှိသတ္တ၀ါတွေ အသက်ရှင်သန်ဖို့အတွက်ဆိုရင် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ရယ်လို့ အကြောင်းတရား လေးမျိုးလိုအပ်ပါသတဲ့။ ကံဆိုတာ ကိုယ်တိုင်လုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ်ကံများပေါ့။ ဒုစရိုက်နဲ့ သုစရိုက် လို့ပြောလဲရပါတယ်။ ဒါက အတိတ်က လုပ်ခဲ့တဲ့ အခုဘ၀မှာ ရရှိတဲ့ အကျိုးများပါ။ စိတ်ဆိုတာက ကောင်းတဲ့ စိတ် မကောင်းတဲ့စိတ်များကိုပြောတာ။ ဥတုဆိုတာကာ အပူ အအေး စသည်ဖြင့်ပေါ့။ အာဟာရဆိုတာက သတ္တ၀ါအလိုက်စားသောက်ဖို့အတွက် ရှိနေတဲ့ အရာတွေပါ။
ဥတုလို့ပြောလိုက်ရင် မြန်မာတွေရဲ့ အတွေးထဲ နွေ၊ မိုး၊ ဆောင်းဆိုတဲ့ ကာလ သုံးခုဝင်လာမှာ အသေအချာ ပါပဲ။ နွေဆိုတာ ခြောက်ကပ်မှုတွေနဲ့ လူသားကို အကျိုးပြုတဲ့ သဘာဝတရားတစ်ခုပါ။ မိုးဆိုတာကတော့ သက်ရှိသတ္တ၀ါတွေအတွက် အစားအသောက်ကို ဖန်တီးပေးဖို့ ဖြစ်လာတဲ့ သဘာတစ်ခုရယ်လို့များ တင်စား ရလေးမလားမပြောတတ်။ လယ်သမားကြီးတွေ၊ စိုက်ပျိုးရေးသမားကြီးတွေအတွက် မရှိမဖြစ်လိုအပ်တာက မိုးရာသီပါ။ မိုးဆိုတာ ရေနဲ့တွဲနေလေတော့ သတ္တ၀ါတွေရဲ့ အသက်လို့ပြောနိုင်ပါတယ်။ ပြီးတော့ ဆောင်းရာ သီပေါ့။ အပူနဲ့ရှင်သန်ပြီး မိုးနဲ့ အလုပ်များခဲ့တဲ့ သတ္တ၀ါတွေအတွက် အေးမြမှုကို သယ်ဆောင်လာတဲ့ သဘာ ၀ လက်ဆောင်တစ်ခုပါ။ နွေ၊ မိုး၊ ဆောင်းဆိုတဲ့ ရာသီ သုံးခုလုံးဟာ သက်ရှိသတ္တ၀ါများအတွက် မရှိမဖြစ် သ ဘာဝ လက်ဆောင် ဥတုများပဲဖြစ်ပါတယ်။
ရာသီ သုံးခုထဲမှာ နွေဆိုတဲ့ ဥတုကတော့ နည်းနည်းများ ထူးဆန်းသလားမပြောတတ်။ နွေဆိုတဲ့ အသံကို ကြားတာနဲ့ ခြောက်ကပ်ကပ် ခံစားမှုက နှလုံးထဲ ဖြတ်ဆင်းသွားရော။ အထီးကျန်မှုလေးပါ အဆစ်သယ်လာ တတ်တာလဲ နွေပါပဲ။ နွေဟာ သက်မဲ့များကိုလဲ ခြောက်ကပ်သွားစေပါတယ်။ နွေဟာ စမ်းရေကိုလဲခန်းစေပါ တယ်။ ပန်းတွေကိုလဲ နွမ်းစေပါတယ်။ အပင်တွေကိုလဲ ခြောက်စေသလို လူတွေကိုလဲ ကြောက်စေပါတယ်။ အေးမြ စွာစီးဆင်းပြီး သဘာဝတေးသံများကို ဖန်တီးရင်း တော တောင်ကို အလှဆင်နေတဲ့ စမ်းချောင်းလေး တွေကို တဖြေးဖြေးနဲ့ ခမ်းခြောက်သွားစေရော။ နွေကာလပူလေ သဘာဝစမ်းရေတွေ ခမ်းခြောက်တာ မြန် ဆန်လေပါပဲ။ သဘာဝစမ်းရေကိုမှီနေတဲ့ ငါးစတဲ့ သတ္တ၀ါများနဲ့ လူသားတွေအတွက်တော့ နွေဟာ တစ္ဆေလို ပါပဲ။ မိုးရာသီကြောင့် ကြီးလာတဲ့ အပင်နဲ့ ပန်းပင်တွေက ဆောင်းရာသီကြောင့် ကောင်းမွန်တဲ့ အသီး လှပတဲ့ ပန်းနဲ့ မွှေးပျံ့တဲ့ ရနံ့များကို ဖန်တီးထားပေးပါတယ်။ သဘာဝရနံ့ကြောင့် သတ္တ၀ါတွေ ပျော်ရွှင် ကြည်နူး ကျေ နပ်ရပေမယ့် နွေရောက်လာတဲ့အချိန်ကစလို့ သဘာဝအလှတွေ တဖြေးဖြေးပျောက်ကွယ်သွားရပါရောလား။ လူသားနဲ့ တောသဘာဝအတွက်လဲ ကြောက်စရာတွေကို ယူလာတတ်ပြန်ပါတယ်။ လူသားအတွက် နွေရာ သီဆို မီးကြောက်ရတာတစ်မျိုး ရေပျောက်မှာစိုးရတာတဖုံ။ အပူလွန်တဲ့ နွေကြောင့် သဘာဝတောမီးတွေ ခဏ ခဏ လောင်လို့ ဆုံးရှုံးရတာလဲ အခါခါ။
နွရာသီမှာ ကောင်းကွက်တွေရှိသလို ဆိုးကွက်တွေလဲ ရှိတယ်ဆိုတာ ပညာရှာသူများနဲ့ ပညာဖြန့်ဝေရာဋ္ဌာ န များကသိနေပါတယ်။ မိုးရာသီနဲ့ ဆောင်းရာသီမှာ ခေါင်းလောင်းသံနဲ့ ဆူညံ စည်ကားနေတဲ့ ကျောင်းတော် ကြီးမှာ ပညာရှာသူတွေနဲ့ ပြည့်လို့။ ပျော်ရွှင်စရာအတိတ်နဲ့ ကြည်နူးစရာ အရိပ်များကို တစ်သက်မမေ့အောင် ဖန်တီးပေးခဲ့တာလဲ ကျောင်းတော်ကြီးပဲမို့လား။ အနာဂတ်လူကောင်းများကိုလဲ မွေးဖွားပေးခဲ့တာပဲလေ။ အ ရာအားလုံး အတတ်နဲ့ ပြည့်စုံပြီး တိုးတက်တဲ့ နိုင်ငံတော်တစ်ခု တည်ဆောက်ဖို့ နိုင်ငံ အုတ်မြစ် သဲပွင့်လေး တွေကို ပြုစုပျိုးထောင်ပေးတဲ့ နေရာကြီးပေါ့။ ကျောင်းပျော်လို့ စာတော်သူများကတော့ နွေကို မတမ်းတ မ မျှော်လင့်ကြ။ ဘာကြောင့်ဆို အသိတွေကို ခဏရပ်ပြီး အားထားရတဲ့ဆရာ၊ ချစ်ခင်ရတဲ့ မိတ်ဆွေများနဲ့ ခွဲရ တော့မှာမို့ပါ။ ကွဲကွာခြင်း ခွဲခွါခြင်းကို သက်ရှိသတ္တ၀ါတွေ မလိုအပ်ဆုံးဖြစ်တဲ့ သဘာဝဆုတစ်ခု။ ဒါကြောင့်ပဲ အသိရှာသူ အရှိရှာသူများအတွက် နွေဟာ အိပ်မက်တစ္ဆေတစ်ကောင်။ အမြဲတမ်းခြောက်လှန့်နေတတ်တာလား။
ဆောင်းအကုန် နွေအကူးမှာ အသိရှာသူ ကျောင်းတော်သူ ကျောင်းတော်သားများ စိတ်လှုပ်ရှားရပြီ။ ဆယ် လစာ သင်ထားတဲ့ သင်ခန်းစာများကို စမ်းသပ်မှုနဲ့ အဆုံးသတ်တော့မယ်ဆိုတာသိနေကြသလို ချစ်ရသူများ နဲ့ ဝေးရာကို ပို့ပေးတော့မယ်ဆိုတာ သိနေကြလို့ပါပဲ။ အိမ်ပြန်ခရီးအတွက် နွေကို တမ်းတမိပေမယ့် ချစ်ရသူ များ၊ အားထားရသူများနဲ့ ကွဲကွာစေမယ်ဆိုတာ သိနေပြန်တော့ အပျော်က စိတ်ထဲမှာ ပေါ်မလာ။ အားကိုးရ သူ မိဘ ဆွေမျိုးများနဲ့ ပြန်တွေ့ရတော့မယ်လို့ တွေးမိတဲ့အခါ အပျော်ရိပ် မျက်နှာပေါ်မှာ ခဏတာဖြတ်သန်း သွားပေမယ့် နွေကြောင့် ရေခမ်း အပင်တွေနွမ်းလို့ ခြောက်ကပ်နေမဲ့ ရွာလေးကို မြင်မိပြန်တော့ စိတ်မောသ လိုခံစားရပြန်ရော။ အသိတွေပေးရာ၊ လူကောင်း လူဆိုးများကို ကြည်နူးစွာလက်ခံရာဖြစ်တဲ့ ကျောင်းတော် ကြီးအကြောင်းတွေးမိပြန်တော့ ပိုလို့ စိတ်မကောင်း။ နွေကြောင့် ကျောင်းသူ ကျောင်းသားများ ပြန်သွားကြ လို့ အထီးတည်းရပ်တည်နေရမယ့် ကျောင်းတော်ကြီးမှာ သွေ့ခြောက်နေတဲ့ အပင်တွေပဲ ၀န်းရံလို့ကျန်ခဲ့မှာ။ ကျောင်းတော်ကြီးပြန်ဖွင့်လို့ ခြေချခွင့်ရတဲ့အချိန်မှာလဲ နွေကြောင့် ခြောက်ကပ် အထီးကျန်ခဲ့တဲ့ ကျောင်းပုရ ၀ုဏ်မှာ သစ်ရွက်ခြောက်တွေက နေရာအနှံ့ရှိနေမှာ။ သန့်ရှင်းမှုနဲ့ ဂုဏ်ယူခဲ့တဲ့ ကျောင်းတော်ကြီးဟာ နွေရာ သီကြောင့် ရှုပ်ထွေးမှုကို ကြုံရပြီ။ ခေါင်းလောင်သံ ပျောက်ဆုံးသွားတဲ့ ကျောင်းတော်ကြီးဟာ အသက်ရှုရပ် နေတဲ့ သတ္တ၀ါပမာ။ ပညာရှာသူ ကျောင်းသူ ကျောင်းသားများရဲ့ အသံပျောက်ဆုံးသွားတာ လူသူကင်းမဲ့နေ တဲ့ တောအုပ်ပမာ။ တကယ်တော့ နွေဟာ အသိကိုလဲ ရပ်စေသလို ခြောက်ကပ် အထီးကျန်မှုကိုလဲ ဖြစ်ပေါ် စေပါ တယ်။
နွရာသီကြောင့် ခေါင်းလောင်းသံတိတ်သွားတဲ့ ကျောင်းတော်ကြီး၊ ခြောက်ကပ် အထီးကျန်မှုကို ရင်းစည်း ခံ ရင်း နွေကို အန်တုနေတဲ့ ကျောင်းတော်ကြီး နွေကုန်လို့ အရောက်ပြန်လာရင် အရင်လို ပျော်ရွှင်စရာ ကြည်နူး စရာများပြည့်ပြီး စိမ်းစိုတဲ့ သစ်ပင်များနဲ့ ပန်းတွေ ဝေနေနိုင်ပါဦးမလား။
အထီးကျန်မှုများကို ဖန်တီးပေးတတ်တဲ့ နွေကို မမုန်းပေမယ့် မချစ်နိုင်တော့ပါဘူးလေ။
၀၄.၀၂.၂၀၁၇ စနေနေ့
