Saturday, 6 May 2017
မှန်တိုင်း မကောင်းပါ
သတ္တ၀ါအတော်များများက အမှန်တရားကို တန်ဖိုးထား မြတ်နိုးကြမယ်ထင်ပါတယ်။ အမှားကျူးလွန်နေသူ များတောင် သူသာမှားချင်မှားမယ် သူ့ကိုတော့ အမှန်တွေပဲ ပြောစေချင်မယ်၊ အမှန်တရားကိုပဲ သဘောကျ မှာပါ။ အမှားဆိုတာကြီးက အားလုံးအတွက် မကောင်းကျိုးကိုပေးတတ်လို့ ဘယ်သူမှတော့ ကြိုက်မှာမဟုတ် တာသေချာတယ်။ ခက်တာက အမှားကို အမှန်ထင်ပြီး လုပ်ရင်း၊ ပြောရင်းနဲ့ အမှားသံသရာ လည်ထွက်သွား ရတာပါပဲ။
အမှန်ဆိုတာ သက်ရှိသတ္တ၀ါတွေက ပညတ်အနေနဲ့ သတ်မှတ်ထားတဲ့ လောကသစ္စာရယ်၊ သက်ရှိ သက်မဲ့ အရာအားလုံးနဲ့ သက်ဆိုင်ပြီး ဘယ်တော့မှ မပြောင်းလဲတဲ့ ပရမတ္ထ ဓမ္မသစ္စာရယ်လို့ နှစ်မျိုးရှိပါတယ်။ သစ္စာ နှစ်ခုကို အတူပြုပြီး လောကမှာရှင်သန်ဖို့ခက်ခဲတယ်ဆိုတာ သက်ရှိ လူသားတွေ သိနိုင်ပါ့မလား။ ဟုတ်ပါ တယ်။ ခက်ခဲမှုကတော့ အတိုင်းတာတစ်ခုထိရှိနေတတ်ပါတယ်။ လေ့လာသုံးသပ်မှုဟာ ဗုဒ္ဓ၀ါဒအတွက် မရှိ မဖြစ် အခြေခံတရားတစ်ခုဆိုတော့ လောကမှာနေရင် ဘယ်သစ္စာနဲ့နေမလဲ၊ လောကမှ လွတ်ချင်ရင် ဘယ် သစ္စာနဲ့ နေမလဲ၊ သစ္စာနှစ်ခုကို အတူပေါင်းလို့ကော အဆင်ပြေနိုင်ပါ့မလား။
အမှန်တရားနဲ့ ပုံစံတူ ကိုယ်စားပြုခံရတဲ့ ပစ္စည်းကတော့ လူသားတွေနေ့စဉ် သုံးနေတဲ့ မှန်ပါပဲ။ အတတ်ပညာ တတ်သူတွေကတော့ မှန်ကို ဘယ်နေရမှာသုံးမယ်၊ အလှဆင်မယ်စသည်ဖြင့် တွေးတတ်ကြတာပေါ့။ ပြဒါး မ ပါတဲ့ မှန်ဆိုရင် အိမ်အလှဆင်တဲ့နေရာ၊ တံခါးတွေလုပ်တဲ့နေရာ၊ အများကို မြင်အောင်ကြည့်ရတဲ့နေရာတွေ မှာထားပါတယ်။ အပြင်က အလင်းနဲ့ အပြင်လူတွေမြင်မှာစိုးလို့ လိုက်ကာနဲ့တောင် ကားထားရတာမို့လား။ မှန်ဆိုပေမယ့် အများကို ကြည့်ပြီး အိမ်သားအတွက် အလှဆင်ဖို့သာ လိုအပ်တာကြောင့် အကာအကွယ်ကို ယူထားရတာပါ။ ဒါပေမယ့် အိပ်ခန်းနဲ့ ရေချိုးခန်းတွေမှာ ထားတဲ့ မှန်ကတော့ ပြဒါးပါမှ သင့်တော်တာ။
အလှ ပြင်ချင်သူတွေ၊ မျက်နှာမှာ အမှားနဲ့တူတဲ့ အမည်းစက်တွေပျောက်အောင် ဖျောက်ချင်သူတွေအတွက်ပါ။ ပြ ဒါးကောင်းပြီး မှန်ကြည်လေ အမှားရှာရလွယ်လေပါပဲ။ အသိမရှိဘဲ မှန်ကို ထားချင်ရာထားရင်တော့ ထင်မ ထားတဲ့ ပြဿနာတွေတက်လာနိုင်ပါတယ်။ ကိုယ့်အမှားကို ကြည့်ဖို့အတွက် ပြဒါးပါတဲ့ မှန်ကို အိပ်ခန်းထဲမှာ ထားဖို့ လိုအပ်တာမှန်ပေမယ့် အများအကြောင်းသိဖို့ဆိုရင်တော့ ပြဒါးမပါတဲ့ မှန်ကို သုံးရပါလိမ့်မယ်။ ဒါပေ မယ့် အကာ အကွယ်လေးတော့ လိုတာပေါ့။ ဟုတ်ပါတယ်။ မျက်နှာမှာပေါ်နေတဲ့ ၀က်ခြံနဲ့ အမဲစက်များ၊ အ ရေးအကြောင်းများကို ကာကွယ်ဖို့ ပြင်ဖို့အတွက်ဆိုရင်တော့ ပြဒါးပါတဲ့ မှန်မှ အဆင်ပြေတယ်ဆိုတာလူတွေ သိကြမှာပါ။ အိမ်အလှနဲ့ လောကအလှကြည့်ချင်တယ်ဆိုရင်တော့ ပြဒါးမပါတဲ့ မှန်ကြည်မှ အဆင်ပြေမှာပါ။ မှန် ဆိုတဲ့ စကားလုံး အခေါ်အဝေါ်တူပေမယ့်လို့ သုံးရမယ့်နေရာအလိုက် မှန်ကို မှန်ကန်စွာသုံးတတ်ဖို့ဆိုရင် အသိလိုအပ်တယ်ဆိုတာ သိလောက်ကြပါရဲ့။
ဒီလိုပါပဲ။ လောကမှာရှင်သန်ဖို့ဆိုရင် လောကသစ္စာတရားလိုအပ်သလို လွတ်မြောက်ဖို့ဆိုရင် ဓမ္မသစ္စာတရား တွေကို ဘယ်လိုသုံးရမလဲဆိုတာ သိဖို့ တကယ်လိုအပ်ပါတယ်။ စာပေတတ်ပြီး စည်းကမ်းလိုက်နာချင်တဲ့ လူ အတော်များများက မှန်တာကို ကြိုက်ကြပါတယ်။ ကောင်းလဲ ကောင်းတာကိုး။ ပြီးတော့ ကိုယ့်ဂုဏ်သိက္ခာ အတွက်ဆိုတာလဲ ရှိသေးတယ်မို့လား။ ဒါပေမယ့် ဘယ်လိုမှန်တယ်၊ ဘာကြောင့်မှန်တယ်၊ ဘယ်လောက် မှန် တယ်ဆိုတဲ့ အချက်များကို မှန်ကန်စွာချပြတတ်ဖို့လဲ လိုအပ်သေးတယ်လေ။ ဒါကြောင့် အမှန်တရားကို နေ ရာ အလိုက်သုံးတတ်ဖို့လိုသလို သုံးတဲ့အခါမှာလဲ နူးညံ့တဲ့စကားနဲ့ တွဲသုံးဖို့ ဓမ္မက အသိပေးထားပါတယ်။ရှင် သန်လိုသူများအနေနဲ့ လောကသစ္စာ အမှန်တရားကို သုံးရပါတယ်။ လောကသစ္စာဆိုတာ လူအများက သတ် မှတ်ထားတဲ့ အမှန်တရားကို ပြောတာပါ။ လူတွေက ဒါဟာ ကောင်းတယ်လို့ သတ်မှတ်ထားတာမျိုး၊ ဒါဟာ မ ကောင်းဘူးလို့ သတ်မှတ်ထားတာမျိုးပေါ့။ လူတွေက ဒါဟာ မသင့်တော်ဘူးလို့ သတ်မှတ်ထားတာကို အမှန် ပဲဆိုပြီး စွတ်သုံးလို့မရပါဘူး။ အချိန်အခါကြည့်ပြီးမှ သုံးရပါတယ်။ ဘာကြောင့်ဆို လူတိုင်းက အမှန်တရားကို အချိန်တိုင်း လက်ခံတတ်တဲ့အကျင့်မရှိလို့ပါ။ ပါးနပ်မှု၊ ကျွမ်းကျင်မှုတွေက ဘယ်နေရာမှာ ဘယ်လိုသုံးရမယ် ဆိုတာကို သင်ပေးထားပါတယ်။ အများအတွက်ကြည့်ရတဲ့အခါ အများနဲ့နေတဲ့အခါတွေမှာ လောကသစ္စာကို သုံးရပါတယ်။ လောကအလှအတွက် ပြဒါးမပါတဲ့ မှန်ကို သုံးရသလိုပေါ့။ အများအတွက် လုပ်တဲ့အခါ ပြဒါး မ ပါတဲ့ မှန်ကို သုံးရတယ်။ ပြဒါးပါတဲ့ မှန်နဲ့တူတဲ့ အမှန်တရားကို လက်ကိုင်ထားလို့ ရွာပြင်ရောက်ရတဲ့ ၀တ္ထုတစ် ပုဒ်ကြားဖူးပါတယ်။ ပုံပြင်လဲဖြစ်ချင်ဖြစ်မှာပေါ့။
ရွာတစ်ရွာမှာ အမှန်တရားကိုမှ သဘောကျတဲ့ လူတစ်ယောက်ရှိပါသတဲ့။ လူမှန်ကြီးပေါ့လေ။ မြင်ရတာပဲ ဖြစ်ဖြစ်၊ ကြားရတာပဲ ဖြစ်ဖြစ် မှန်တယ်ထင်လို့ကတော့ ပြောဖို့အဆင်သင့်ပဲ။ သူ့ရှေ့မှာ မကောင်းတာတော့ လာမလုပ်နဲ့ဆိုတဲ့ လူမျိုးပေါ့။ အမှန်ကိုကြိုက်တာမှန်ပေမယ့် အမှန်ကို နေရာအလိုက် အသုံးမပြုတတ်လို့ ရွာ အပြင်ကို ရောက်ရပါလေရောတဲ့။ တစ်နေ့ ရွာအပြင်က ဇရပ်မှာနေနေတုန်း တခြားရွာက လူတစ်ယောက် အ လည်ရောက်လာပါသတဲ့။ စကားတွေပြောကြရင်းနဲ့ ရွာအပြင်မှာ ဘာကြောင့်နေရတာလဲစသည်ဖြင့် စပ်စုမိ သွားတာပေါ့။ အမှန်တရားမြတ်နိုးလို့ ရွာအပြင်ရောက်ရတဲ့အကြောင်း ကိုလူမှန်ကြီးက ရှင်းပြတော့ ဧည့်က မှတ်ချက်ပေးတာပေါ့။ ခင်ဗျာလိုလူမျိုးဟာ ရွာအပြင်မှာမနေသင့်ဘူး၊ အများအကျိုးအတွက် အမှန်တရားကို ဆုပ်ကိုင်ပြီး လုပ်သင့်တာပေါ့။ ရွာကလူတွေ ပညာနည်းလို့ ခင်ဗျားပြောတာကို လက်မခံနိုင်ကြတာနေမှာပေါ့။ မှတ်ချက်တွေက ကိုလူမှန်အတွက်တော့ အားတက်စရာ။ စကားပြောလို့ပြီးတော့ ဧည့်သည်က နှုတ်ခွန်းဆက် စကားနဲ့ လမ်းခွဲဖို့ပြောပြီး ခရီးကိုဆက်သွားပါတယ်။ သွားပြီး သိပ်မကြာခင်မှာပဲ ကိုရွှေဧည့်သည် ပြန်လည် ပေါက်ချပါလေရော။ ထီးကျန်လို့ လာယူရကြောင်း ကိုရွှေဧည့်သည် ပြောတာကို ကိုလူမှန်က ဘယ်လိုများ တုန့်ပြန်တယ်ထင်လဲ။ ခင်ဗျားလို လူက ထီးကျန်ခဲ့တာ ဘာဆန်းတာမှတ်လို့။ မျက်လုံးက တစ်ဖက်ကန်းနေ ရုံမဟုတ် သတိလဲနဲတာကိုးဗျ တဲ့။ ကိုရွှေဧည့်သည် ဒီတစ်ခါတော့ သည်းမခံနိုင်တော့။ ပြန်ပြောမိတာပေါ့။ ခင် ဗျားလို လူမျိုးကို ရွာအပြင်မှာတောင် မထားသင့်ဘူး။ တကယ်ဆို ရွာသားတွေက ခင်ဗျားကို တစ်ခါတည်း သတ်ပြစ်လိုက်ရမှာတဲ့လေ။ အမှန်ကိုမြတ်နိုးလို့ ကိုလူမှန်ကို ထောက်ခံခဲ့တဲ့ ကိုရွှေဧည့်သည်လဲ လူထဲက လူ တစ်ယောက်ဖြစ်လေတော့ သူကိုထိရင် အမှန်တရားကို ဘယ်လက်ခံပါ့မလဲ။ ကိုလူမှန်ကြီးက ဟုတ်ပြီဆိုပြီး ပြော လိုက်တော့ ဟိုက ပြန်ပြောတော့မှ နှုတ်ဆိတ်သွားရတဲ့အဖြစ်။ ဒါက အမှန်ကို အခြေအနေအလိုက် မ သုံးမိလို့ ကြုံရတာလေ။ အမှန်ကို အခြေအနေအလိုက် မသုံးမိလို့ ဒုက္ခရောက်ခဲ့ရတဲ့ ဘုရားအလောင်းတော် ဇာတ်တော်တစ်ခုလဲရှိပါသေးတယ်။
ရှေးအခါတုန်းက အ၀ါရိယာပိတာ ဆိုတဲ့ လှေသမားတစ်ယောက်ရှိပါသတဲ့။ သူက ဒေါသလဲကြီးတဲ့အပြင် ကူး တို့ခကိုလဲ တဖက်ကမ်းရောက်မှ တောင်းလေ့ရှိတဲ့အတွက် လှေစီးသူတွေနဲ့ အမြဲရန်ဖြစ်ရတယ်လေ။ တစ်နေ့ ဘုရားအလောင်းရသေ့ဟာ အ၀ါရိယာပိတာ လှေနဲ့ကူးမိတဲ့အခါ တဖက်ကမ်းရောက်တော့ လှေခတောင်းပါ လေရော ။ လူဆိုတာ အမျိုးမျိုးရှိတဲ့အတွက် မကူးခင် ဒီဖက်ကမ်းမှာကတည်းက လှေခတောင်းရတယ်။ ဟို ဖက်ရောက်မှ တောင်းတော့ ဘယ်ပေးချင်ပါ့မလဲ ပြီးတော့ ဘယ်နေရာပဲဖြစ်ဖြစ် ဒေါသမထွက်ဘဲ လူတွေကို ဆက်ဆံဖို့ ဘုရားအလောင်းကဆုံးမတာပေါ့။ လူစိတ်တို အ၀ါရိယာပိတာက ဒါ လှေခလား လို့မေးတဲ့အခါ ဘု ရားအလောင်းကလဲ ငါ့မှာပေးစရာက ဒါပဲရှိတာလေ လို့လဲဖြေလိုက်ရော တွန်းလှဲပြီး မျက်နှာကို ထိုးပါရောတဲ့ ဒါကိုမြင်လို့ မင်းဆရာမို့ အဲလို မလုပ်သင့်ကြောင်း တားပေမယ့် နင်ဝင်ပြောစရာလားဆိုပြီး ရိုက်မိတဲ့အခါ ထ မင်းအိုးလဲကွဲ၊ ကိုယ်ဝန်လဲပျက်ကျရပါသတဲ့။ ဘုရားအလောင်းတော်ဟာ ဓမ္မသစ္စာကို ငွေရှာနေသူတွေ အ ဆင်ပြေစေဖို့ ဟောပြပေမယ့် ထောင်းခံခဲ့ရပါတယ်။ မှန်တော့ မှန်ပါပဲ။ ပြဒါးပါတဲ့ မှန်နဲ့ တူတဲ့ ဓမ္မသစ္စာကို ငွေ ရှာသူကို သွားပြတော့ ထုခံရတာပေါ့။ တကယ်လို့သာ မှန်အကြည်နဲ့တူတဲ့ လောကသစ္စာကိုသာ သုံးခဲ့မယ် ဆိုရင် ဒီအဖြစ်တွေနဲ့ကြုံမှာမဟုတ်ပါဘူး။
လောကမှာရှင်သန်လိုသူတွေဟာ လောဘကို ပုံစံအမျိုးမျိုးနဲ့ ပုံဖေါ်နေကြသလို ဒေါသကိုလဲ အရောင်ဆိုးကြ သေးတယ်လေ။ ဒါတွေဟာ မောဟကြောင့်ဖြစ်တယ်လို့ သင်ကြားဖူးသူတွေ သတိရှိတဲ့အခါမှာ သိနိုင်ကြတဲ့ အချက်ပါ။ ဒါပေမယ့် အသိရှိသူကိုယ်တိုင် သတိကင်းပြီး သားအရေး သမီးအရေး မိသားစုအရေးတွေဝင်လာပြီဆိုရင်တော့ အမှောင်ထဲပြန်ရောက်သွားရတာပါပဲ။ မွေးရာပါ တဏှာက ဂုတ်ခွစီးပြီး သံသရာတစ်လျောက် လိုက်လာခဲ့တာလေ။ ဘာဆန်းတာမှတ်လို့။ ဒါကြောင့် လောကမှာရှင်သန်နေရဦးမယ်ဆိုရင် အများအတွက် ကြည့်ပေးတဲ့ မှန်နဲ့တူတဲ့ လောကသစ္စာကိုသာ သုံးရမှာပါ။ လူဆိုတာ အမြဲလိုနေတာလေ၊ မရရင် ဒေါသထွက် မှာပေါ့။ ဒါတွေကို နားလည်ထားပါမှ အများနဲ့ အဆင်သင့်အောင်ပေါင်းနိုင်တာရယ်။ လောကလူသားတွေ ဟာ ကိုယ့်လိုမဟုတ်ဘူးဆိုတာကို နားလည်ထားဖို့လိုအပ်ပါတယ်။
လူတွေကောင်းတာလုပ်နေရင် ငါ မလုပ် နိုင်တာတွေ လုပ်နေကြတယ် ကောင်းလိုက်တာလို့ ၀မ်းသာတတ်ဖို့ လိုအပ်သလို မကောင်းတာလုပ်နေတာ တွေ့ရင်လဲ သူ့နေရာမှာ ငါဆိုလဲ ဒီလို လုပ်မိမှာပဲလေလို့ အစားထိုးနားလည်ဖို့ လိုအပ်ပြန်ရော။ ဒါဟာ လော ကသစ္စာကို လက်တွေ့အသုံးချနေတာပါ။ လောဘနဲ့ရှင်သန်နေတဲ့ စုံတွဲများကို လောဘရဲ့မကောင်းကြောင်း သွားပြောရင်တော့ အမှန်တရားကို လက်မခံတဲ့အပြင် ကိုယ့်ကိုယ်ပါ ဒုက္ခမပေးရင် ကံကောင်း။ လခထုတ်တဲ့ နေ့မှာ ရှာဖွေရတဲ့ ဒုက္ခနဲ့ သိမ်းဆည်းရတဲ့ ဒုက္ခ သွားပြောရင်တော့ အနည်းဆုံး ငါကိုင်တုတ်ခံရမှာပါ။ မှန်ပေ မယ့် မမှန်လို့ တန်ပြန်ခံရတာလေ။ စကားက မှန်ပါတယ်။ အခြေအနေက အမှန်ကို လက်ခံရမယ့်အခြေအနေ မဟုတ်လို့ပါပဲ။ ငါဆိုရင် လက်ခံမှာ ငါ ဆိုရင် သူ့လို့ မကောင်းတာ မပြောဘူး မလုပ်ဘူးလို့ ပြောတဲ့သူတွေ ရှိ ပါတယ်။ မှန်ပါတယ်။ ငါဟာ ငါပါပဲ၊ သူဟာ သူပါပဲ။ ငါမို့လို့ သည်းခံပေမယ့် သူမို့လို့ ပြန်ပြောတယ်ဆိုတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။ စရိုက်နဲ့ ၀ါသနာတွဲနေသူတွေကို အမှန်တရားကို အမြဲဆုပ်ကိုင်ထားရမယ် လို့ ပြောလို့မရပါဘူး။ တရားထိုင်နေတာပဲ ကျွေးတာစားရမှာပေါ့။ ကောင်းတာကို တမ်းတနေတာ တဏှာလို့ တရားပြသူနဲ့ အလှူရှင်များကို ပြောကောင်းပြောနိုင်ပါတယ်။
ဒါပေမယ့် စားပွဲပေါ်မှာ သာမန်ဟင်းနဲ့ ကိုယ်နှစ် သက်တဲ့ ဟင်း နှစ်မျိုးရှိနေမယ်ဆိုရင် ကြိုက်တာကိုပဲ ယူစားမှာပါ။ ကိုယ်က တဏှာကင်းအောင်ကြိုးစားနေ သူမို့ ငါဆိုရင် ဒါမျိုးမလုပ်ဘူးလို့ တွေးပေမယ့် လူဆိုတာ စရိုက်နဲ့ဝါသနာ တွဲပါလာသူတွေမို့ သူကြိုက်တာကို ယူပိုင်ခွင့် ရွေးပိုင်ခွင့်ရှိပါတယ်။ ၀ါသနာနဲ့အတူ ကိလေသာပယ်သူဟာ ဘုရားတစ်ဆူပဲရှိတာမို့ ရဟန္တာဖြစ်ပြီ ဆိုရင် အကောင်းမကြိုက်တော့ဘူး၊ ကောင်းတာတွေ မစားတော့ဘူးလို့တော့ မတွေးလိုက်ပါနဲ့။ ရှင်သာရိပုတ္တ ရာဆိုတာ လူတိုင်းသိမယ်ထင်ပါတယ်။ ရှင်သာရိပုတ္တရာ ဂဏာနို့ထမင်းကြိုက်တာဟာ တဏှာလားဗျာ။ သိ စေချင်ပါတယ်။ ဒါဟာ စရိုက်နဲ့ ၀ါသနာပါ။ ဒါကို ဓမ္မသစ္စာနဲ့ လောကမှာ သွားတိုင်းတော့ တလွဲတွေဖြစ်ကုန် ရော။ မြင်၊ ကြား၊ နံ၊ စား၊ ထိနဲ့ အရှိကို ရှာဖွေနေသူတွေမှာ လိုချင်မှု လောဘ၊ မကျေနပ်မှု ဒေါသ တလွဲတွေး တလွဲလုပ်တတ်တဲ့ မောဟ လေးတွေတော့ရှိမှာပေါ့။ ဒါဟာ အမှန်တရားပဲ့လေ။ ငါ မှန်တယ် ငါက မှန်တာမှ ပြောမယ်လို့ ယူဆတုန်းလား။ ဗုဒ္ဓရဲ့ အသိတွေကို ရှာဖွေလေ့ကျင့်နေတယ်ဆိုရင်တော့ အတွေးမခေါင်သင့်ပါဘူး။
(ဆက်ရန်)
