Sunday, 7 May 2017
အသက်နဲ့ဆက်ခဲ့တဲ့ သာသနာ (သို့) သာသနာကို အသက်ပေး ဆက်ခဲ့သူ (အပိုင်း ၃)
နန်းတက်ဘုရင်မှာ လက်တွဲဖေါ်က မရှိမဖြစ်လိုအပ်နေသည်လေ။ ရွှေဘုံနိဒါန်း ထုံးတမ်းစဉ်လာအရပြောရ မယ်ဆိုရင် မိဖုရားက လေးပါးလောက်ထားရှိရပါလိမ့်မယ်တဲ့။ မင်းသားဘ၀က ခပ်ရှင်းရှင်းနေခဲ့တဲ့ အနော်ရ ထာအတွက် အခုချိန်မှာ အခက်တွေ့ပြီ။ တောင်ညာစံ မိဖုရားကြီးက အရည်အချင်းပြည့်မီရမှာမို့ အမတ်ကြီး ရာဇတမန်ကိုတာဝန်ပေးရပြီ။ အမတ်ရာဇတမန်ရဲ့ လျှောက်တင်ချက်က အားရစရာ။ မဇ္ဈိမတိုင်း ဝေသာလီ နိုင်ငံမှာ ဝေသာလီမင်းတရားရဲ့ သမီးတော်လေးဟာ နတ်သမီးတမျှ ချောကြောင်းလှကြောင်းတင်သည်လေ။ ဒါနဲ့ပဲ ကြင်ယာတော်တောင်းမယ့် ခရီးကို အမတ် ရာဇတမန်နဲ့စတင်ခဲ့ပါပြီ။ ဝေသာလီမင်းကြီးလဲ ဘုရင်အနော် ရထာအတွက် သမီးတော် ပဉ္စကလျာဏီမင်းသမီးကို အသာတကြည်ပဲ ပေးအပ်ခဲ့ပါတယ်။ ဝေသာလီမင်း သ မီးနဲ့ အတူ အခြွေအရံ မောင်းမ ရှစ်ဆယ်ခန့် ခမည်းတော်မင်းကြီးမှ ထည့်ပေးလိုက်ပါရဲ့။ ဒါပေမယ့်…………။
ဝေးလှတဲ့ မဇ္ဈိမဒေသနဲ့ ပုဂံခရီးစဉ်အတွင်းမှာ အပြောင်းအလဲက စခဲ့ပြီကော။ အမတ်ကြီး ရာဇတမန်နဲ့ သမီး တော် ပဉ္စကလျာဏီတို့ နှလုံးသားအရေးကို အလိုလိုက်မိကြသည့်တဲ့။ ပါးနပ်လွန်းတဲ့ အမတ်ရာဇတမန်က ပါ လာတဲ့ မောင်းမများကို တစ်နေရာရောက် နဲနဲချန်နဲ့ ခရီးကိုဆက်ခဲ့ပါရောလား။ အဖေါ်တွေက သူတို့အဖြစ် အ ပျက်ကိုသာ ဘုရင်ကိုတင်ပြလိုက်ရင် အမတ်ရဲ့ခေါင်း မြေကြီးနဲ့ မိတ်ဆက်ရမယ့်အဖြစ်ကို တွေးမိမှာ အသေ အချာ။ ပုဂံနေပြည်တော်ရောက်တော့ မင်းသမီးအကြောင်းပြောပြမယ့်သူ တစ်ယောက်မှမကျန်တော့။ အနော်ရထာမင်းစောလဲ မင်းသမီးလေးကို ဓည၀တီ ရခိုင်ပြည်အထိ ကိုယ်တိုင်သွားကြိုပါရဲ့။ နိုင်ငံချစ်ကြည် ရေး နဲ့ ပါတ်သက်နေတဲ့ အချစ်မဟုတ်ပါလား။ ပုဂံနေပြည်တော်ရောက်တော့ အမတ် ရာဇတမန် ယုတ်မာ လေပြီ။ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့သဘော။ အခုပါလာတဲ့ ပဉ္စကလျာဏီမင်းသမီးဟာ တကယ်တော့ ဘုရင့် သမီးတော် တစ်ပါးမဟုတ်။ တကယ်သာ သမီးတော်အစစ်ဆိုရင် အခြွေအရံများကို ထည့်လိုက်သင့်သည် မ ဟုတ်လား စသည်ဖြင့်……..ဣဿာ၊ မစ္ဆရိများစွာနဲ့လုပ်ကြံတင်ပြလေတော့…..။ အမတ်ပြောမှတော့ ယုံရ သည်ပေါ့။ အနီးကပ်ရန်သူဟာ အဝေးရန်သူထက် ကြောက်စရာကောင်းတဲ့အဖြစ်ကို ဘုရင် အနော်ရထာ မ ရိပ်မိခဲ့။ ပေါင်းခဲ့ဖူးတဲ့ မင်းသမီးလေးကို ပရိမ္မအရပ်သို့ ပို့ပြီး နယ်နှင်ဒါဏ်ပေးလိုက်ပြီ။ မင်းတို့အမျက် အကြောင်းမရွေးခဲ့သလို ပုဂ္ဂိုလ်လဲမရွေးခဲ့ပါဘူး။ အခုတော့……………….။
ပရိမ္မအရပ်ရောက်သွားတဲ့ မင်းသမီးလေး သားတော်လေးတစ်ပါးကို မီးရှုးသန့်စင် ဖွားမြင်ခဲ့ပါပေါ့။ လူရည် လူ သန့် ဥပဓိရုပ်က ကောင်းလိုက်ပါဘိ။ မြင်သူတကာ ချစ်ခင်ရသည့်ရုပ်ကို ပိုင်ဆိုင်ထားသူ။ ဘုရင်အနော်ရထာ နဲ့ ရခဲ့တဲ့ သားလေးဆိုတော့လဲ ကောင်းတဲ့ ဥပဓိရုပ်ကို ပိုင်ဆိုင်ရပေမပေါ့။ ပြီးတော့ ဝေသာလီသူရဲ့ သား လေ။ သူ့နာမည်က……..ကျန်စစ်သား။ ဘုရင့်အမျိုးအနွယ်မှ ဆင်းသက်လာတဲ့ သားတော်ကို မိခင် ပဉ္စက လျာဏီက အသေအချာဆုံးမသွန်သင်ပေးသည်။ တစ်စတစ်စကြီးပြင်းလာတဲ့ ကျန်စစ်မင်းသားဟာ သတ္တိရှိ တယ်။ ဇွဲကောင်းပြီး ၀ီရိယရှိလို့ ထီးလှိုင်ရွာကို အုပ်ချုပ်ရတဲ့ ထီးလှိုင်ရှင်ဖြစ်လာပြီကော။ ထီးလှိုင်ရှင်ရဲ့ သ တင်းက ပုဂံနေပြည်တော်ထိ ပေါက်ရောက်ခဲ့ရပြီ။ ကျော်ကြားမှုကို ကိုယ်တိုင်စုံစမ်းတာက ဘုရင် အနော်ရ ထာ။ ကျော်လို့ ကြားရတာလား။ မကျော်ဘဲ ကြားရတာလားဆိုတာကို အတိအကျသိချင်သည်လေ။ ဘုရင် အဖြစ်နဲ့ သွားလို့မဖြစ်တဲ့အတွက် ကိုယ်ရောင်ပျောက်သွားရသည်ပေါ့။ သာမန်အရပ်သားလို ထွက်လာတဲ့ အနော်ရထာမင်းစောနဲ့ ထီးလှိုင်ရှင် ကျန်စစ်သားတို့ တွေ့ကြပုံက ဘာမှခမ်းခမ်းနားနားမရှိ။ ခမ်းနားမှုမရှိတဲ့ တွေ့ဆုံမှုကပဲ တခမ်းတနားဖြစ်စေခဲ့ပြီ။ မဇ္ဈိမဒေသ ဝေသာလီသူ ပဉ္စကလျာဏီရဲ့ သားတော်ဆိုတော့………။ မိမိ သားပဲပေါ့။ ဒီလိုနဲ့ သူရဲကောင်းချစ်တတ်တဲ့ အနော်ရထာမင်းစောတစ်ပါး သူရဲကောင်းလဲဖြစ် သားတော် လဲဖြစ်တဲ့ ကျန်စစ်သားကို နန်းတော်ခေါ် ရာထူးပေးရပြီ။ စစ်တပ်ရဲ့ ဗိုလ်ချုပ်တဲ့။ အသွေးအသားတော်လို့ ရာ ထူးကြီးကြီးပေးတယ်လို့တွေးရင် ဘုရင်အနော်ရထာရဲ့ လူကဲခတ်စွမ်းရည်ကို အထင်သေးရာကျမှာအမှန်။ တစ်နေ့ တစ်ချိန်မှာ မင်းကျန်စစ်ရယ်လို့ ဖြစ်လာမယ့်သူ မဟုတ်ပါလား။ သူရဲကောင်းကို ချစ်တတ်သူမှာ ဆွေ မျိုးဆိုတာမရှိဘူးလေ။ အနော်ရထာမင်းစောရဲ့ ခံယူချက်ကပြတ်သားသည်။ ပြည်သူတို့ ကျန်းမာ ချမ်းသာ ပါစေ၊ ပြည်သူ့အရေးဟာ ကိုယ့်အရေးတဲ့။ ပြည်သူ့အကျိုးဟာ ကိုယ့်အကျိုးပါတဲ့။ ပြည်သူ့သောကဟာ ကိုယ့် ရဲ့ သောကပါတဲ့လေ။ အို………….အားထားစရာကောင်းလိုက်သည့် မင်းကောင်း မင်းမြတ် အနော်ရထာ…။
အချစ်နဲ့ပတ်သက်ပြီး သူရဲကောင်းတစ်ယောက်ရခဲ့တဲ့ ဘုရင်အနော်ရထာ ဒီအတိုင်းမနေအားသေး။ သူရဲ ကောင်း ရှာဖွေရေးခရီးကို ဆက်ရပြန်သည်။ နောက်ထပ်တွေ့ရသည်က ငထွေးရူး။ အညာဒေသဆိုတာ ထန်း ပင်ရဲ့ သင်္ကေတပဲမဟုတ်လား။ ထန်းပင် ပင်လယ်ဝေနေတဲ့ ဒေသမှာ ထန်းတက်နေတဲ့ သူရဲကောင်းတစ် ယောက်ကို တွေ့ရပြန်ရော။ တမနက်ခင်းစာပဲရှိသေးသည် ထန်းတောတစ်တောကုန်လို့ အလုပ်မရပ်သေး သူ က ငထွေးရူး။ ပင်ပန်းတယ်ဆိုတဲ့ အဘိဓာန်ကို နားမလည်ရောလေသလား။ မမောနိုင်မပန်းနိုင် အလုပ်လုပ် သွားသည်က ပိရိသေသပ်လွန်းလှသည်။ သာမာန်လူတွေ အမောတကောနဲ့ ဟောဟဲဆိုက်နေအောင် လုပ် ရမယ့် အလုပ်ကို ချွေးတစ်ပေါက်မထွက်လုပ်သွားသည်က အံ့သြစရာ။ ဒီလိုနဲ့ သူရဲကောင်းကိုတွေ့ စကား တွေပြော နန်းတော်ခေါ်နဲ့ သူရဲကောင်းတစ်ယောက် ရလာပြန်ရော။ ငထွေးရူးဆိုတာ မြင်းမူနယ်သား ထန်း တက်သူရဲကောင်းကြီးပေါ့။
သူရဲကောင်းနှစ်ယောက်တည်းနဲ့ အလုပ်ခက်ဦးမယ့်အဖြစ်ကိုတွေးမိတဲ့ ဘုရင်အနော်ရထာ။ သူရဲကောင်း ရှာ ဖွေရေးကို မရပ်နိုင်သေး။ အားလပ်သည့်အချိန်တခုမှာ နောင်တော်စုက္ကတေးကို ပုန်ကန်ဖို့ ခြေကုပ်ယူခဲ့တဲ့ ပု ပ္ပါးဖက် ခရီးဆက်ခဲ့မိသည်။ ဆက်ခဲ့တဲ့ခရီးက တန်ဖိုးရှိလှသည်။ ယာကွက်များမှာ နွားတစ်ရှင်းစီတပ်ထားတဲ့ ထွန်တုံးသုံးဆယ်ကို တွေ့ရပါရော။ တစ်ကွက်တစ်ယောက်ထွန်လေမလားလို့ အတွေးရောက်တုန်းရှိသေး လူ တစ်ယောက်ထဲက ယာကွက်များကို တစ်ကွက်ပြီး တစ်ကွက်ထွန်နေပြီ။ ထွန်နဲ့ ယာကွက်သာပြောင်းသွား တယ် လူက မလဲ တစ်ယောက်တည်း။ မွန်းမတည့်ခင် အားလုံးပြီးပြီ။ အံ့စရာကောင်းလိုက်တဲ့ လူသား။ သူ့ ကိုလဲ နန်းတော်မှာ တာဝန်ထမ်းကာ ပူပေါင်းပါဝင်ဖို့ ဆွယ်ရပြီ။ သူက ပုပ္ပါးက ငလုံးလက်ဖယ်။
တစ်ရက်။ အနော်ရထာမင်းစော ညောင်းဦးဖက်ရောက်တဲ့အခါ အထူးအဆန်းကိုတွေ့ရပြန်ပြီ။ မတ်စောက်တဲ့ နတ်သမီးကမ်းပါးပေါ်ရပ်နေရင်း တွေ့ရသည်က ဧရာဝတီမြစ်ကြီး။ မေခနဲ့ မလိခတို့ ပေါင်းဆုံမိလို့ မွေးဖွားလာ ရတဲ့ မြစ်မင်း ဧရာ။ ပုဂံနေပြည်တော်ရဲ့အသက်သွေးကြောကြီး။ မြစ်ပြင်ကျယ်ကြီးဟာ ပုဂံနေပြည်တော်ကို ကွေ့ ၀ိုက်ဦးခိုက်ပြီး စီးဆင်းသွားပါရော။ မြစ်ကမ်းပေါ်ရပ်ပြီး အေးချမ်းစွာစီးဆင်းနေတဲ့ မြစ်မင်းဧရာကို မင်း ကြီးကြည့်နေခိုက် နတ်သမီးကမ်းကနေ လူတစ်ယောက်အပြေးလေးဆင်းလာသည်။ ဘေးဘီဝဲယာမှာ လူရှိ သည်ဟုပင် ထင်ပုံမရ။ ကမ်းစပ်ရောက်တော့ ရေထဲအပြေးကလေးဆင်းသွားပြီ။ ပြီးတော့ ကျယ်ဝန်းတဲ့ ဧရာ ၀တီမြစ်ကြီးကို ကန့်လန့်ဖြတ်ကူးသွားသည်။ ကျယ်ပြောတဲ့ ဧရာဝတီမြစ်ကိုဖြတ်ကူးနေတာ ကြည့်ရသူမှာ ရင် ဖိုစရာ။ တကယ်လို့များ ကြွက်တက်လို့ လမ်းတ၀က်မှာ…………………….။ မတွေးဝံ့စရာပါပဲ။
ဒါပေမယ့် စိုး ထိတ်သူအတွက် ခဏတာ အသက်ရှုရပ်သွားစေတာက ရေးကူးသူ လူသန်ကြီး။ ဟိုဖက်ကမ်းရောက်ရုံရှိသေး ချက်ချင်း ဒီဖက်ကမ်းကို ပြန်ကူးလာပြန်ရောလား။ ကမ်းစပ်ရောက်တော့ မတ်စောက်တဲ့ နတ်သမီးကမ်းပါးကို ဘာများ အောက်မေ့သည်မသိ မနားတမ်းပြေးတက်ပြန်ပြီ။ ဒီလူ လူမှ ဟုတ်ရဲ့လား။ မောတယ်ဆိုတာ ဘာ လဲလို့ ပြန်မေးမယ့်လူစားမျိုး။ အခုလဲ ကမ်းပေါ်ရောက်တော့ ကူးခဲ့တဲ့မြစ်၊ ရောက်ခဲ့တဲ့ ကမ်းတွေကိုကြည့်ရင်း ပြုံးနေပြန်ပြီ။ သူ့လုပ်ရပ်အတွက် ကျေနပ်သည့်အပြုံး။ ဒီလိုဖြတ်ကူးတာဟာလဲ ဒီတစ်ရက်ထဲမဟုတ်ဘူးတဲ့။ နေ့တိုင်းလုပ်နေကျ ထမင်းစား ရေသောက်လုပ်ငန်းလိုပါတဲ့။ မင်းကြီးမေးလို့ ပြန်ဖြေသည့်စကား။ သူ့ကိုလဲ ပု ဂံနေပြည်တော်အတွက် တာဝန်ထမ်းဖို့ပြောတော့ ကျေနပ်စွာလက်ခံခဲ့သည်။ သူက ညောင်ဦးသား ညောင်ဦး ဖီး။ အခုဆို ဘုရင် အနော်ရထာမှာ လူစွမ်းကောင်း လေးယောက်ရပြီ။ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက် ဖယ်နဲ့ ညောင်ဦးဖီး။ သူရဲကောင်းများအတွက် နတ်ကများဖန်လာသလားမပြောတတ်။ မြင်းလေးစီးပါ ပေါ် ပေါက်လာရသည်လေ။ သာမန်လူတွေမကပ်နိုင် မစီးနိုင်တဲ့ မြင်းကြီးတွေကို သူရဲကောင်းလေးယောက် ဇွဲ နပဲ နဲ့ ဘုန်းကံကြောင့်ရရှိခဲ့ပြီ။ ကျန်စစ်သား စီးတဲ့ မြင်းနာမည်က နှလုံးခွံကောင်း၊ ငထွေးရူးရဲ့ မြင်းက နှလုံးလျင် တိုင်း၊ ငလုံးလက်ဖက်ရဲ့ မြင်းက လေမိုးယဉ်ခေါင်၊ ညောင်ဦးဖီးရဲ့ မြင်းက နှလုံးအတု မရှိပါတဲ့။ အနော်ရထာ မင်းစောရဲ့ မြင်းကိုတော့ ကဏ္ဍိကလက်လှ တဲ့လေ။ ခေတ်မီလိုက်တဲ့ အမည်နာမတွေ။ သူရဲကောင်းတွေကို ရထားတဲ့ မင်းကြီး ရှေ့ဆက်ရမယ့် ခရီးတွေက စိတ်ဝင်စားစရာ။ သည် သူရဲကောင်းတွေကို အသုံးပြုပြီး အာ ဏာပြန့်အောင် လူ့အသက်နဲ့ရင်းပြီး မြေပိုင်အောင်လုပ်မလား၊ ဘာသာ သာသနာတိုးတက်အောင် လုပ်လေ မလားဆိုတာ မေးစရာမေးခွန်းတွေနဲ့ ပဟေဠိဆန်နေခဲ့မှာတော့ အမှန်။
ဘုန်းကံလဲရှိ၊ သူရဲကောင်းလဲပြည့်၊ စိတ်ထားက ရှင်းတဲ့ ဘုရင်တွေမှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ် လာတတ်တာ သဘာဝပေးလက်ဆောင်တစ်ခုပါပဲ။
အပြောင်းအလဲ။ ဒီအပြောင်းအလဲက ပုဂံနေပြည်
တော်အတွက်သာမက ပထမမြန်မာနိုင်ငံတော်၊ ထေရ၀ါဒနိုင်ငံတော် အဖြစ်ထိ ပြောင်းလဲလာမည့် တကယ့် အပြောင်းအလဲ။ ဒါပေမယ့် အနာဂတ်ဆိုတာကို ကြိုတင်မတွေးတတ်သူ၊ မမြင်တတ်သူများအတွက်တော့ သာမန်ထက် မထူးတဲ့ အခြေအနေတစ်ခုလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အခြေအနေတစ်ခုကတော့ ပြောင်း လဲဖို့ စတင်ပေးလိုက်ပါပြီ။ ဟောင်းနွမ်းတဲ့အတွေးနဲ့ မှားယွင်းတဲ့ အယူတွေကို အစားထိုးဖို့အတွက် ပုဂံနေပြည်တော်ကြီးကို ပထမဆုံးပြောင်းလဲပေးမှာက………………။
သရေခေတ္တရာဒေသနဲ့ ပုပ္ပါးအရပ်ကြားရှိ ရိုးမတောင်တန်းတစ်နေရာ ရောက်နေတာက မုဆိုးအိုကြီးတစ်ဦး။ လေး နဲ့ မြားကိုထမ်းပြီးတောထဲဝင်လာတာကြာပြီ အရင်နေ့နဲ့မတူ အခုက ဘာသားကောင်မှမတွေ့။ ထွက်တဲ့ နေ၀င်ဖို့တောင်မှ ကြိုးစားနေပြီ အခုထိ ဘာသားကောင်မှမရသေး။ မုဆိုးလုပ်စားလာတာကြာပြီ အခုလို အ ခြေအနေမျိုး တခါမှ မကြုံဖူး။ အချိန်နဲ့အမျှပြောင်းလဲနေတတ်တဲ့ သဘာဝတစ်ခုဟာ မုဆိုးဆီ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာပါပေါ့လား။ လှုပ်လှုပ်ရွရွဖြစ်နေတဲ့ အရာကိုကြည့်ပြီး မုဆိုးဝမ်းသာသွားပြီ ၀မ်းစာအ တွက် ဖူလုံတော့မှာလို့တွေးမိတာကိုး။ လေးနဲ့မြားကို ချိန်ရွယ်ထားပေမယ့် ပစ်ခွင့်မရလိုက် မုဆိုးဆီတည့် မတ်စွာ လျှောက်လာတာက သားကောင်မဟုတ် လူတစ်ယောက်။ သည်းခံပါ တကာတော် ဆိုတဲ့ စကားကို ပီ ပီသကြီးကြားလိုက်ရတဲ့ မုဆိုး ကျောက်ရုပ်ဖြစ်ရပြီ။ တွေ့ရတဲ့ ပုဂ္ဂိုလ်ရဲ့ ရုပ်သွင်က ပုဂံဒေသမှာ တစ်ခါမှ မ တွေ့ဖူးဘူးလေ။ သူတော်စင်ဆိုတာ အရည်းကြီးလောက်ပဲ တွေ့ဖူးတဲ့ မုဆိုးတစ်ယောက် ထူးဆန်းတဲ့ အ ကြည့်နဲ့ မျက်တောင်မခတ်ကြည့်နေမိတာ အဆန်းမဟုတ်ပါဘူး။ မုဆိုးက ထိုထူးဆန်းတဲ့ ပုဂ္ဂိုလ်ကို ပင့်ဆောင်ခဲ့ပြီး ကလန်၊သံပျင်စတဲ့ မင်းမှုထမ်းတို့ထံ ပို့ပေးခဲ့တယ်။ ကြည်ညိုစရာ ပုဂ္ဂိုလ်ကို အရာရှိများ သ ဘောတွေ့ကာ အနော်ရထာမင်းစောဆီ သံတော်ဦးတင်ရင်း ပို့ဆောင်ပေးခဲ့ပြီ။ ထိုသူကား ပုဂံနေပြည်တော် ကြီးကိုသာမက ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာပါ မှန်ကန်တဲ့အသိကို မျိုးစေ့ချပေးမယ့် ရှင်အရဟံ။ ဘု ရင်အနော်ရထာလည်း သဘောကျစွာနဲ့ သင့်တော်တဲ့နေရာကို ယူပြီးသီတင်းသုံးဖို့လျှောက်တော့ ဘုရင်ထိုင် သည့် ပလ္လင်ကိုမှရွေးထိုင်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ဗုဒ္ဓသာသနာရဲ့ ကန့်လန့်ကာ အဖွင့်အ စဟာ လှပခဲ့ပါတယ်။ မှန်ကန်တဲ့ အသိရှိသူ ရှင်အရဟံနဲ့ အသိမှန်ကိုရှာဖွေနေသူ အနော်ရထာမင်းစောတို့ တွေ့ ဆုံခန်းဟာ သမိုင်းတွင်ရစ်မှာ အသေအချာ။ အနော်ရထာမင်းစော သိလိုဇောနဲ့ အရှင် ဘယ်ကလာတာ လဲ၊ ဘယ်သူလဲ၊ ဆရာကရော ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ လို့ စောကြောမိပြီ။ ရှင်သာရိပုတ္တရာအလောင်းတော် ရှင် အဿဇိကို မေးတဲ့မေးခွန်းများလို နှုတ်မှ မနားတမ်းမေးနေမိတာ။
မင်းကြီး…. ငါဟာ သုဝဏ္ဏဘုမ္မိ သထုံမှ လာခဲ့ပါတယ်။ ဂုဏ်တော်အပေါင်းခညောင်းတဲ့ ဗုဒ္ဓဘုရားရဲ့ သာဝက တစ်ပါးဖြစ်ပြီး ဆရာသခင်ကတော့ သမ္မာသမ္ဗုဒ္ဓပါပဲလို့ အေးဆေးစွာဖြေကြားနေသည်က ရှင်အရဟံ။ ဒါဆို သမ္မာသမ္ဗုအမည်ရတဲ့ ဘုရားကရော ဘာတရားများ ဟောကြားပါသလဲဆိုတော့
အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ မတာ ယထာ။
မမေ့တဲ့ သတိနဲ့ ဘ၀ကိုဖြတ်သန်းရင် မသေရာဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သလို …………..စတဲ့ အပ္ပ မာဒတရားကို မိန့်ကြားလိုက်တော့ ပါရမီရှင် အနော်ရထာမင်းစော ကျေနပ်လိုက်သည့်အဖြစ်။ အရည်းကြီး များဆီက ဘယ်သောအခါမှ မကြားရနိုင်တဲ့ တရားမျိုး။ အပ္ပမာဒ တရားတော်ဟာ စွမ်းလိုက်ပါဘိ။ တတိယ သံဂါယနာတင်မင်းကြီး အသောကကို ကိုရင်လေး နိဂြောဏသာမဏေ မိန့်ကြားခဲ့တာလဲ ဒီ အပ္ပမာဒ တရား။ အခု ဘုရင်အနော်ရထာကို ရှင်အရဟံ မိန့်ကြားလိုက်တာလဲ အပ္ပမာဒ တရားတော်ပါပဲ။ ဒါဟာ သာသနာ ဆ ထက်ထမ်းပိုး တိုးတက်လိမ့်မယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်များဖြစ်နေပြီဆိုတာ အနော်ရထာမင်းစော သတိမှထား မိပါလေစ။
(အပိုင်း ၄) ဆက်ရန်
